Tuesday, December 25, 2012

Programming Environment ( MHU မှ ဖော်ပြပါသည်)


Editor

သူကတော့ program ရေးတဲ့အခါမှာ program code တွေကို ရိုက်ဖို.အတွက်သုံးတဲ့ Software တစ်ခုပါပဲ။ Editor ကောင်းတစ်ခုဟာ syntax highlighting တွေ error ဖြစ်နိုင်တဲ့နေရာတွေ
ပြီးတော့ code completion အစရှိတာတွေကို လုပ်ပေးနိုင်ပါတယ်။ Editor ကောင်း မကောင်းအပေါ်မူတည်ပြီး program ရေးရတာဟာ error သက်သက်သာသာနဲ.မြန်မြန်ဆန်ဆန်ပြီးစေနိုင်ပါတယ်
Microsoft Language တွေဖြစ်တဲ့ C# VB.NET အစရှိတဲ့ programming language တွေအတွက်ကတော့ built in Microsoft Visual Studio ကပါလာပြီးသားဖြစ်ပါတယ်။ တစ်ခြား Language တွေမှာလဲ
သူတို.နဲ.ဆိုင်ရာ editor တွေရှိပါတယ်။ ပေါ့ပေါ့ပါးပါးရေးမယ်ဆိုရင်တော့ notepad++ ကိုသုံးလို.ရပါတယ် ။ Java အတွက်ဆိုရင်တော့ JCreator, Netbean, Eclipse အစရှိတဲ့ IDE တွေမှာ Editor ကောင်းတွေပါလာပါတယ်။ဒါပေမဲ့ Python လို indentation ပေါ်မူတည်ပြီး meaning ကွဲနိုင်တဲ့ programming language တွေအတွက်ကျတော့ သူနဲ.သင့်တော်တဲ့ Python IDLE ကိုသုံးတာပိုသင့်တော်ပါတယ်။


Compiler


သူကတော့ programmer ရေးလိုက်တဲ့ source code ကို machine နားလည်တဲ့ object code, byte code, exe အစရှိတာတွေကိုပြောင်းပေးတဲ့ကောင်ပါ။ သူဟာ programmer ရေးလိုက်တဲ့ source code
ကိုယူပြီးတော့ object code အစရှိတာတွေထုတ်ယုံတင်မကပဲနဲ. program ကိုပိုမြန်အောင် optimization တွေကိုလဲလုပ်ပေးလေ့ရှိပါတယ်။

Libraries



Program တွေဟာ ကြီးလာတာနဲ.အမျှ သူတို.ရဲ. code တွေဟာ များလာပါတယ်။ Code တွေကို functionality အလိုက်တူရာတူရာစုပြီးတော့ unit တစ်ခုအနေနဲ.သိမ်းတတ်ကြပါတယ်။
အဲ့ဒီကောင်တွေကို libraries လို.ခေါ်ပါတယ်။ Java ,C# မှာဆိုရင်တော့ package လို.သုံးပါတယ်။ Ruby, Python မှာတော့ module လို.သုံးပါတယ် ။ C,C++, PHP မှာတော့ Library လို.ခေါ်ကြပါတယ်။
ဥပမာ networking နဲ.ဆိုတဲ့ code တွေကို သက်သက်၊ Graphical User Interface နဲ.ဆိုင်တာတွေကို သက်သက် module, package သို.မဟုတ် Library တစ်ခုစီမှာသိမ်းကြပါတယ်။

Linker



Program တစ်ခုဟာ source file တစ်ခုထဲပါဝင်တာမဟုတ်ပဲနဲ. module တွေ package တွေ Library တွေကိုပါ ယူသုံးထားမယ်၊ ဒါမှမဟုတ် multiple source file သို.မဟုတ် object file တွေအဖြစ်တည်ရှိနေမယ်ဆိုရင် အဲ့ဒီ program အလုပ်လုပ်နိုင်ဖို.အတွက် ပါဝင်တဲ့ module၊ library, package တွေတစ်ခုချင်းစီကို ချိတ်ဆက်ပေးရမှာပါ။ ဥပမာ ကျွန်တော်က Hello.java မှာ နောက် package တစ်ခု
က class တစ်ခု ဥပမာ( Stack.java) ကိုခေါ်သုံးထားပါတယ်ဆိုပါဆို. ဒါဆိုရင် ကျွန်တော့် program အလုပ်လုပ်နိုင်ဖို.အတွက် Hello.java ဖိုင်တစ်ခုတည်းနဲ.မလုံလောက်ပဲနဲ. Stack.java ကိုပါ Link လုပ်ပြီးအသုံးပြုရမှာဖြစ်ပါတယ်။ အဲဒီ လို external reference တွေကို resolve လုပ်တာကို linking လို.ခေါ်ပါတယ်။ Linking ကို လုပ်ပေးတဲ့ program ကိုကျတော့ linker ပေါ့ဗျာ။ Linking မှာ နှစ်မျိုး၇ှိ့ပါတယ်
Static Linking နဲ. Dynamic Linking ပေါ့။ Static Linking ဆိုတာ program ကိုမ run ခင်မှာ object code တွေကို link လုပ်တာပါ။ C, C++ လို language မျိုးမှာသုံးပါတယ်။ မကောင်းတဲ့အချက်ကတော့ သူဟာ memory ပေါ်ခေါ်တင်ရတဲ့ code size ကိုကြီးသွားစေပါတယ်။ နောက်တစ်ခုကတော့ modern programming language တွေဖြစ်တဲ့ Java,C# တို.မှာသုံးတာမျိုးပါ သူကတော့ libraries တွေကို
program run နေတဲ့အချိန် (run time)ရောက်တော့မှ link လုပ်ပါတယ်။ ဒါကို Dynamic Linking လို.ခေါ်ပါတယ်။ Dynamic Linking ရဲ.အားသာချက်ကတော့ သူဟာ object code တွေအားလုံးကိုစုံပြုံပြီး
memory ပေါ်မှာတင်ထားစရာမလိုတာပါပဲ။

Loader


သူကတော့ Object code,exe code အစရှိတာတွေကို hard disk ပေါ်ကနေဖတ်ပြိးတော့ operation system ရဲ. memory အပေါ်မှာစနစ်တကျနေရာချထားပေးတဲ့ program ပါပဲ။ဥပမာ ခု run မဲ့ program
အတွက် code segment က address ဘယ်လောက်မှာနေရာယူမယ် data segment ကဘယ်လောက် နေရာယူမယ် အစရှိတဲ့တာဝန်တွေကို loader ကတာဝန်ယူပေးရပါတယ်။


Debugger



Program တစ်ခုဟာရေးပြီးရုံနဲ.မပြီးသေးပါဘူး ၊စင်းလုံးချော မမှန်နိုင်သေးပါဘူး သူ.မှာ error တွေ bug တွေပါလာနိုင်ပါတယ်။ မြန်မာလိုဆိုရင်တော့ error ရော bug ရောကို အမှားလို.ပြန်ရမှာပါ။တကယ်တော့အဲ့ဒီနှစ်ခုဟာ
မတူပါဘူး ၊ error ဆိုတာကို ထင်သာမြင်သာ၇ှိတဲ့အမှားမျိုးလို.ပြောရမှာ ဖြစ်ပါတယ် ဥပမာ C,C++,Java,C# မှာ statement တစ်ကြောင်းဆုံးရင် semicolon ထဲ့ရပါတယ် မပါရင် syntax error တက်ပါလိမ့်မယ်
bug ဆိုတာကတော့ အလွယ်တကူမမြင်နိုင်ပဲနဲ. ခိုအောင်းနေတဲ့ error မျိုးပါ ဥပမာ logic error မျိုးပါ ။ သူတို.ကိုရှာဖို.အတွက်ကတော့ program statement တွေဟာ ဘယ်ကနေဘယ်လို run သွားတယ် variable တွေရဲ.တန်ဖိုးဘယ်လိုပြောင်းသွားတယ်ဆိုတာ ကြည့်ဖို.လိုအပ်ပါတယ် ။ အဲလိုနေရာမျိုးမှာ ကူညီနိုင်တာ debugger ပါ။ Debugger က အဓိ က အလုပ်သုံးခုလုပ်ပေးပါတယ်
Tracing = program ဟာ ဘယ် line ကနေ ဘယ် line ကို run သွားတယ်ဆိုတာကို ကြည့်လို.ရအောင်ကူညီပေးပါတယ်။
Break point = program ရဲ. ဘယ် line အထိ ပဲ run မယ်ပြီးရင် ခန ရပ်မယ်ဆိုပြီးတော့ လုပ်လို.ရပါတယ်။
Modifying and Examining Data= program တစ်လျောက်လုံးမှာ သုံးလာတဲ့ data တွေ variable တွေရဲ.တန်ဖိုးတွေကို ကြည့်နိုင်ပြင်နိုင်အောင်ပေးထားပါတယ်။

Profiler



Program တစ်ခုဟာ အလုပ်လုပ်နေရုံနဲ.မပြီးပါဘူး သင့်တော်တဲ့ computing time ကိုပဲသုံးရပါမယ်။ အရမ်းကြီးနှေးကွေးနေတဲ့ program ကိုဘယ်သူကမှလိုချင်မှာမဟုတ်ပါဘူး။
program တစ်ခုရဲ. ဘယ်အစိတ်အပိုင်းမှာ အချိန်ဘယ်လောက်ကုန်တယ် memory ဘယ်လောက်သုံးလဲအစရှိတာတွေကို profiler ကိုသုံးပြိးတော့ ကြည့်လို.ရပါတယ်။ ပြီးတော့ program ကိုသင့်တော်အောင်
ပြန်ရေးပေါ့။

Interpreter



သူကတော့ Interpret လုပ်တဲ့ language တွေ JavaScript, PHP, Python,Ruby အစရှိတာတွေမှာသုံးပါတယ်။ Object code ကိုမထုတ်တော့ပဲနဲ. source code ကနေ run time မှာ ကြားခံ ပုံစံ
တစ်ခု တည်ဆောက်ပြီး run ပါတယ် ဒါကြောင့် interpreted language တွေဟာ compiled language တွေထက်စာရင်နှေးကြပါတယ်။ ဘာကောင်းလဲဆိုတော့ flexible ဖြစ်တာတွေရှိပါတယ်
ဥပမာ running time မှာ dynamic code ကို execute လုပ်လို.ရတာမျိုး variable တွေကို run time မှာ type ပြောင်းသုံးတာမျိုး အစရှိတာတွေဖြစပါတယ်။

0 comments:

Post a Comment