Friday, March 1, 2013

CMD ကနေပိတ်ထားတဲ့ဆိုက်တွေကျော်မယ်။

CMD အသုံးပြုပုံကိုတင်ပေးလိုက်ပါတယ်။ အခုပြန်လည်ဖော်ပြပေးရတာဝမ်းလည်းဝမ်သာပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်သိလိုက်တဲ့ပညာကို သူများနဲ့မျှဝေပေးတာဟာ ဓါးဟောင်းတစ်လက်ကိုထပ်ခါထပ်ခါ သွေးပေးသလိုပဲ မဟုတ်ပါလားခင်ဗျာ။

ပထမဆုံး Start Menu ထဲက Run ကိုသွားပါ။ ပြီးရင် cmd ရိုက်ထည့်ပြီးတော့ Ok သို့မဟုတ် Enter ခေါက်ပါ။ Menu တစ်ခုထွက်ကျလာပါလိမ့်မယ်။




အဲ့ဒီထွက်ကျလာတဲ့ Menu ထဲကိုဒီစာသား tracert နဲ့ ကိုယ်ကျော်မယ့်ဝက်ဆိုက် adress ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ ဥပမာ tracert www.yahoo.com
အဲ့ဒါဆိုရင် ကိုယ်ဖွင့်ချင်တဲ့ဝက်ဆိုက်ရဲ့ IP Address နံပါတ်ရလာပါလိမ့်မယ်။ ရလာတဲ့နံပါတ်ကို Mozilla Firefox ကိုဖွင့်ပြီး အဲ့ဒီနံပါတ်ကိုရိုက်ထည့်ပါ။ ပြီးတော့ Enter ခေါက်ပါ။ အဲ့ဒါဆိုရင် သော့ခတ်ထားတဲ့ ၀က်ဆိုက်ပွင့်သွားပါလိမ့်မယ်။

0 comments:

Post a Comment